Posts

Showing posts from September, 2025

ရာသီစောလာခြင်း (Early Puberty) - သိပ္ပံ၊ လူမှုရေးနှင့် လူငယ်များ၏ စိန်ခေါ်မှု

Image
နိဒါန်း (Introduction) ဟယ်လို! ထက်ရဲ့ စာဖတ်ပရိသတ်တို့ရေ... ဒီနေ့ ထက် ပြောပြချင်တဲ့အကြောင်းအရာကတော့ နည်းနည်းလေး serious ဖြစ်တဲ့၊ ဒါပေမဲ့ အရမ်းအရမ်းကို သိထားသင့်တဲ့ ခေါင်းစဉ်တစ်ခုအကြောင်းပါ။ ခေါင်းစဉ်ကိုမြင်ပြီး တချို့က "အယ်... မိန်းကလေးကိစ္စတွေပဲ" ဆိုပြီး ကျော်သွားဖို့တော့ မလုပ်နဲ့နော်။ အထူးသဖြင့် ယောက်ျားလေးတွေရော၊ မိဘတွေရော၊ ဆရာဆရာမတွေရော... အားလုံးအတွက် အရမ်းအရေးကြီးတဲ့ အကြောင်းအရာမို့လို့ပါ။ ထက်က ဒီကိစ္စကို ရှုထောင့်ပေါင်းစုံကနေ မြင်သလို ချပြသွားမှာမို့လို့ စိတ်ဝင်စားဖို့တော့ အာမခံပါတယ်နော်။ ကဲ... ဟိုဟိုဒီဒီလျှောက်ပြောမနေတော့ဘူး။ ဒီနေ့ထက်ပြောမယ့် topic ကတော့... "ရာသီစောလာခြင်း" ဒါမှမဟုတ် English လိုဆိုရင်တော့ Early Puberty ဒါမှမဟုတ် ပိုတိတိကျကျပြောရရင် Precocious Puberty အကြောင်းပဲဖြစ်ပါတယ်။ ထက်တို့ငယ်ငယ်ကဆိုရင်လေ... အပျိုဖြစ်တယ်ဆိုတာ ၈ တန်း၊ ၉ တန်းလောက်မှ ကြားရတဲ့ကိစ္စ။ ကိုယ့်အစ်မတွေ၊ အဒေါ်တွေခေတ်ကဆို ပိုတောင်နောက်ကျသေးတယ်။ ဒါပေမဲ့ အခုခေတ်မှာ ကြည့်လိုက်ပါဦး။ ကိုယ့်ရဲ့မောင်နှမဝမ်းကွဲထဲက ညီမလေးတွေ၊ အိမ်နီးနားချင်းက ကလေးမလေးတွေ ၃ တန်း၊ ၄ တန်းလောက်နဲ့ ရာသီသွေးစမြင်က...

ကြယ်တွေကြွေတဲ့အခါ ပြည့်တန်ဆာတွေက ရယ်နေကြတယ်တဲ့လား

ကြယ်တွေကြွေတဲ့အခါ ပြည့်တန်ဆာတွေက ရယ်နေကြတယ်တဲ့လား တန်ဖိုးကို မည်သူက သတ်မှတ်သနည်း။ ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။  ဟယ်လို... ထက်ပါ...။ Transwoman တစ်ယောက်၊ စာရေးရတာကို သဘောကျသလို နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံပညာရပ်တွေကို လေ့လာရတာကိုလည်း ခုံမင်တဲ့သူတစ်ယောက်ပေါ့။ ဒီနေ့ ထက်ပြောချင်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ထိရှလွယ်တယ်။ နားလည်ရခက်တဲ့ ရှုထောင့်တွေလည်း အများကြီးရှိနေနိုင်တယ်။ ဒါပေမယ့် ဒီလိုခေါင်းစဉ်မျိုးတွေကို ကျွန်မတို့တွေ ပွင့်ပွင့်လင်းလင်း မဆွေးနွေးကြရင် အမှန်တရားနဲ့ ဝေးနေကြဦးမှာပဲ။ ခေါင်းစဉ်ကတော့ "စစ်မှန်တဲ့နိုင်ငံရေးပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူ၊ လူမှုရေးလှုပ်ရှားသူတွေက ငတ်ပြတ်နေချိန်မှာ ပြည့်တန်ဆာတွေက ချမ်းသာနေကြတယ်" ဆိုတဲ့ စကားတစ်ခွန်းအပေါ် ထက်ရဲ့ အတွေးအမြင်တွေပါပဲ။ ဒီစကားကို ကြားလိုက်တာနဲ့ လူတော်တော်များများရဲ့ ခေါင်းထဲမှာ ပုံရိပ်နှစ်ခု ပေါ်လာလိမ့်မယ်။ တစ်ခုကတော့ အမှန်တရားအတွက်၊ ပြည်သူအတွက် ဆိုပြီး မမောမပန်း အနစ်နာခံနေတဲ့ ဆင်းရဲနွမ်းပါးပေမယ့် ဇွဲမလျှော့တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ရဲ့ ပုံရိပ်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ရင်းပြီး လွယ်လွယ်ကူကူ ပိုက...