ကွန်ပျူတာဝယ်ယူရာတွင် မှားယွင်းသည့် အယူအဆများ
ကွန်ပျူတာတစ်လုံး ဝယ်မယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ အထူးသဖြင့် နည်းပညာအကြောင်း နားမလည်သူတွေအတွက်ဆို ပိုတောင်ခက်ပါသေးတယ်။ စျေးကွက်ထဲမှာ ကွန်ပျူတာအမျိုးအစားတွေကလည်း အများကြီး၊ Model တွေကလည်း စုံလို့။ ဒီတော့ ဘယ်လိုရွေးချယ်ရမှန်းမသိတာတွေ၊ နားလည်မှုလွဲမှားပြီး မှားယွင်းတဲ့ အယူအဆတွေနဲ့ ဝယ်မိတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီအယူအဆတွေကို ဧပရယ် အသေးစိတ်ရှင်းပြပေးပါမယ်နော်။ ၁။ CPU Cores များလေ ကောင်းလေပဲဆိုတဲ့ အယူအဆ ဒီအယူအဆက အဖြစ်အများဆုံးထဲက တစ်ခုပါပဲ။ လူတော်တော်များများက CPU Cores များလေ ကွန်ပျူတာ မြန်လေပဲ လို့ ထင်တတ်ကြတယ်။ တကယ်တော့ Cores များတိုင်း ကွန်ပျူတာက အမြဲတမ်း ပိုမြန်နေတာမျိုး မဟုတ်ပါဘူးနော်။ ဘာလို့လဲဆိုတော့ Software တော်တော်များများက Cores အများကြီးကို တစ်ပြိုင်နက်တည်း အပြည့်အဝ အသုံးမပြုနိုင်သေးလို့ပါပဲ။ ဥပမာပြောရရင် Microsoft Office တို့၊ Internet Browse တို့လို သာမန်လုပ်ငန်းတွေအတွက်ဆို Core ( ၂) ခုကနေ (၄) ခုလောက်ဆို လုံလောက်နေပါပြီ။ Gaming လိုမျိုး၊ Video Editing တို့လိုမျိုး လုပ်ငန်းတွေဆိုမှ Core များများက ပိုပြီး အကျိုးရှိတာပေါ့နော်။ ဒါတောင်မှ Core ( ၆) ခုကနေ (၈) ခုလော...