Posts

Showing posts from October, 2025

သမီးငယ်တစ်ယောက်ရဲ့ အော်ဟစ်သံ၊ တော်လှန်ရေးရဲ့ မျက်ရည် နဲ့ ထက်တို့ သတ်ပစ်ရမယ့် ဖိုကြီးစိုးရေးစနစ်

Image
 နိဒါန်း။ ။ နှလုံးသားတစ်ခု ကွဲကြေသွားခြင်း ထက်လေ ဒီသတင်းကို စကြားကြားချင်း တကိုယ်လုံး တုန်တက်သွားတယ်။ အသက်ရှူရပ်မတတ်ပဲ။ ဆောမြို့မှာ အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ ညီမလေးတစ်ယောက်ကို အဓမ္မပြုကျင့်ပြီး သတ်လိုက်တယ်တဲ့။ ကြားရုံနဲ့တင် ရင်ဘတ်ထဲက နာလိုက်တာရှင်။ ဒါဟာ ကိန်းဂဏန်းတစ်ခု မဟုတ်ဘူး။ ဒါဟာ သတင်းခေါင်းစဉ်တစ်ခုသက်သက် မဟုတ်ဘူး။ ဒါဟာ အညွန့်တလူလူ ဝေဆာလာရမယ့်၊ ရယ်မောပျော်ရွှင်နေရမယ့် ကလေးမလေးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ရက်ရက်စက်စက် ချေမွှပစ်လိုက်တာ။ ထက် မျက်လုံးထဲမှာ မြင်ယောင်တယ်။ သူ့မှာ အိပ်မက်တွေ ရှိမှာပဲ။ သူငယ်ချင်းတွေနဲ့ ဆော့ကစားချင်စိတ်တွေ၊ သင်ချင်တဲ့ ပညာတွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ အများကြီး ရှိမှာ။ အခု အဲ့ဒါတွေအားလုံး ဘာမှမရှိတော့ဘူး။ သူ့မိသားစုဝင်တွေဆို ဘယ်လိုများ ခံစားနေရမလဲ။ ထက် စဉ်းစားတောင် မကြည့်ရက်ဘူး။ ဒီထက်ပိုပြီး ထက်တို့ကို ဒေါသထွက်စေ၊ အော့နှလုံးနာစေတာက ဘာလဲသိလား။ ဒီပြစ်မှုကို ကျူးလွန်ခဲ့သူဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲ။ ဟုတ်တယ်... ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ယောက်တဲ့။ အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုး ဆိုသူတဲ့။ သူကိုယ်တိုင်လည်း ဝန်ခံထားတယ်လို့ သတင်းမှာ ဖတ်လို...

"အချစ်" ခေါင်းစဉ်နဲ့ လည်ပင်းညှစ်၊ ဗီဒီယိုရိုက်တဲ့ ကျောင်းသား ၄ ဦး။ G-10 ညီမလေးရဲ့ နာကျင်မှုကို Telegram မှာ ဖြန့်ဝေခဲ့တဲ့ ကျောင်းသား ၄ ဦးကို အပြစ်ပေးရမည်။

နိဒါန်း ဒီစာကို ထက် ဘယ်လို စရေးရမလဲတောင် မသိတော့ဘူး။ ထက်ရဲ့ လက်တွေ တုန်နေတယ်။ ရင်ဘတ်ထဲမှာ ဒေါသ၊ ဝမ်းနည်းမှု၊ နာကျင်မှု၊ ရွံရှာမှု အားလုံး ရောထွေးပြီး ပေါက်ကွဲထွက်မတတ်ပဲ။ အောက်တိုဘာ ၂၃ ရက်နေ့က သတင်းတစ်ခုက ထက်တို့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်ကို ညအချိန်မတော် ခုန်တက်လာတယ်။ ဖတ်လိုက်ရတဲ့ ခေါင်းစဉ်ကကို ထက်ကို အသက်ရှူမှားသွားစေတယ်။ "စလင်းမြို့ အထက ကျောင်းမှာ G-10 ကျောင်းသူကို ကျောင်းသား လေးယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်၊ ဗီဒီယိုရိုက်ကာ လိုင်းပေါ်တင်" တဲ့။ ထက်လည်း ၁၇ နှစ်ပဲ ရှိသေးတယ်။ ဒီသတင်းထဲက ညီမလေးက G-10 တဲ့။ ဆိုတော့ အသက် ၁၅၊ ၁၆ ပေါ့။ ထက်နဲ့ သက်တူရွယ်တူ ညီမလေးတစ်ယောက်။ ကျောင်းသူတစ်ယောက်။ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ အများကြီးရှိနေဦးမယ့် ကောင်မလေးတစ်ယောက်။ သူ့ဘဝရဲ့ အလှပဆုံးဖြစ်သင့်တဲ့ ဆယ်ကျော်သက်အချိန်ကို နည်းနည်းလေးမှ မညှာမတာ၊ အကြင်နာတရား လုံးဝကင်းမဲ့စွာနဲ့ ရက်ရက်စက်စက် ချေမွှပစ်လိုက်ကြတယ်။ ဘယ်သူတွေကလဲ။ တခြားသူတွေ မဟုတ်ဘူး။ သူ့ကျောင်းကပဲ။ သူ့ရဲ့ "ရည်းစား" ဆိုတဲ့ G-12 ကျောင်းသားနဲ့ သူ့သူငယ်ချင်း သုံးယောက်။ စုစုပေါင်း လေးယောက်။ ဒီဆောင်းပါးက သတင်းပြန်ရေးပြဖို့ မဟုတ်ဘူး...

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု (Grooming) ကို 'အချစ်' ဟု ပုံဖော်ခြင်းအား စစ်ကြေညာခြင်း- BL/GL Fic ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း၏ အမြင်မှားများ

📢 စစ်ကြေညာခြင်း - အချစ်ရဲ့နောက်ကွယ်က ဘီလူးများ 📢 Pedophilia, Child Grooming နဲ့ Media ပုံဖော်မှုများအပေါ် ဝေဖန်ချက် မင်္ဂလာပါရှင်။ ထက်နာမည် ထက်မြတ်ဧကရီပါ ။ ဒီနေ့ ထက်ပြောမယ့် အကြောင်းအရာက နည်းနည်းလေးလံတယ်၊ နည်းနည်း စိတ်မသက်မသာ ဖြစ်စရာကောင်းတယ်။ ဒါပေမဲ့ ထက်တို့တွေ ဒါကို မပြောလို့ မဖြစ်တော့ဘူး။ မျက်စိမှိတ်ထားလို့ မရတော့ဘူး ။ ထက်တို့တွေ " အချစ် " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ၊ " ဖျော်ဖြေရေး " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရမ်းကို အန္တရာယ်များတဲ့ အရာတစ်ခုကို ပုံမှန်လိုမျိုး လက်ခံနေမိကြပြီ ။ အထူးသဖြင့် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ၊ ချဉ်းကပ်ဖျားယောင်းမှုတွေကို ' ရိုမန့်တစ် ' ဆန်ဆန် ပုံဖော်နေတာတွေပေါ့။ ဒီဆောင်းပါးမှာ ထက်က Pedophilia (ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှု) နဲ့ Child Grooming (ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ချဉ်းကပ်ဖျားယောင်းခြင်း) ဆိုတာ ဘာလဲဆိုတာ ရှင်းပြမယ်။ ပြီးတော့ ထက်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒါတွေကို ဘယ်လို မျက်စိမှိတ်ပြီး " ဒါ သဘာဝပဲ " လို့ လုပ်နေကြသလဲဆိုတာ ပြောမယ်။ နောက်ဆုံး ထက်တို့ အရမ်းဖတ်ကြ၊ ကြည...