Posts

Showing posts from August, 2025

"ထက်" ဆိုတဲ့ ကျမကို ဘယ်သူက အပိုင်စီးထားတာလဲ ခေါင်းစဉ်အောက်က အတွေးများ

ထက်ရဲ့ social media inbox ထဲကို message တစ်စောင်ရောက်နေတယ်။ ပို့တဲ့သူက ထက်ရဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ဒါပေမဲ့ message ရဲ့ content က ထက်ကို တော်တော်လေး အံ့ဩတုန်လှုပ်သွားစေတယ်။ သူရေးထားတာက “ထက် အခု message ပို့နေတာ ထက်အစစ်မှဟုတ်ရဲ့လား။ ထက်တစ်ခုခုဖြစ်နေတယ်လို့ ခံစားနေရတယ်။ ထက်ရဲ့ စာရေးဟန်တွေ ပြောင်းသွားတယ်။ ထက်ပြန်ပေးဆွဲခံထားရပြီး တစ်ယောက်ယောက်က ထက် account ကို သိမ်းထားတာများလား။ နင်ထက်ကိုပြန်ပေးဆွဲထားတာမလား” တဲ့။ ဖတ်ပြီးပြီးချင်း ထက်မှာ ရယ်ရမလို၊ ငိုရမလိုပဲ။ တစ်ဖက်မှာတော့ ကိုယ့်ကို ဒီလောက်တောင် စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်မိတယ်။ ဒါဟာ ထက်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ မေတ္တာတစ်ခုပေါ့။ ဒါပေမဲ့ နောက်တစ်ဖက်မှာတော့ ထက်ရဲ့ "ဖြစ်တည်မှု" ကိုယ်တိုင်က မေးခွန်းထုတ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ထက်ဟာ ထက်ပါ။ ဒီလက်တွေနဲ့ keyboard ကို ရိုက်နေတာ ထက်ပါ။ ဒီအတွေးတွေက ထက်ရဲ့ ဦးနှောက်ထဲက ထွက်လာတာပါ။ ဒါပေမဲ့ ဒါကို ထက်ဘယ်လို သက်သေပြရမလဲ။ Video call ခေါ်လိုက်ရမလား။ ငယ်ငယ်က ဓာတ်ပုံတွေ ပြရမလား။ ဒါမှမဟုတ် ထက်ရဲ့ အခြားအရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ live လွှင့်ပြီး “ကျမဟာ ကျမအစစ်ပါ” လို့ ကြွေးကြော်ရမလား။ ဒီဖြစ်...

ရာသီဥတုပြောင်းလဲမှုများ၏နောက်ဆက်တွဲ - ရေခဲခေတ်သစ်လား

Image
ဟိုင်း… ထက်ပါ…။ ဒီနေ့ ထက် ပြောပြချင်တဲ့အကြောင်းအရာက နည်းနည်းတော့ ထူးဆန်းတယ်။ ထက်ပြောလေ့၊ ရေးလေ့လဲမရှိပါဘူး။ ဒါပေမယ့် ငယ်ငယ်ကတည်းက စိတ်ဝင်စားတာတော့ ဝင်စားတာပေါ့။ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတစ်ပုဒ်လိုလို လက်တွေ့ဖြစ်လာနိုင်ခြေရှိတဲ့ အနာဂတ်ရဲ့ကြိုတင်သတိပေးခေါင်းလောင်းသံလိုလိုနဲ့…။ အဲဒါကတော့ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲအဖြစ် ကမ္ဘာကြီးဟာ နောက်ထပ်ရေခဲခေတ်တစ်ခုဆီကို ဦးတည်နေသလားဆိုတဲ့ မေးခွန်းပါပဲ။ ထက်တို့နေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုကိုပဲ ကြည့်လေ။ တစ်နှစ်ထက်တစ်နှစ် ပိုပူလာတယ်။ နွေရာသီတွေက ပိုရှည်ကြာပြီး အရင်ကထက်ပိုပြီး အိုက်စပ်စပ်နိုင်လာတယ်။ မုတ်သုံဝင်တဲ့အခါမှာလည်း မိုးရွာသွန်းပုံတွေက ပုံမှန်မမှန်တော့ဘူး။ တစ်ခါတလေကျရင် ရေလွှမ်းမိုးမှုတွေဖြစ်တဲ့အထိ သဲကြီးမဲကြီးရွာချလိုက်၊ တစ်ခါတလေကျတော့လည်း မိုးခေါင်ရေရှားမှုတွေနဲ့ ရင်ဆိုင်ကြရပြန်ရော။ ဒါတွေအားလုံးက Global Warming လို့ခေါ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုရဲ့ သက်ရောက်မှုတွေဆိုတာ ထက်တို့အားလုံး သိပြီးသားပါ။ ဒါပေမယ့်… အဲဒီ ပူနွေးလာမှုကပဲ အေးခဲသွားစေနိုင်တဲ့ အစပျိုးမှုတစ်ခု ဖြစ်နေနိုင်တယ်ဆိုရင်ရော…။ Paradoxical ဖြစ်တယ်ဟုတ်…။ Welcome to the rabbit ho...