ကျင်းကန်တောင်မှသည် ယန်အန်းဆီသို့ - ဖောက်ပြန်ရေးသမား စစ်ဘုရင်ဂိုဏ်း၏ မလွဲမသွေ ကျဆုံးခန်း
ကျင်းကန်တောင်မှသည် ယန်အန်းဆီသို့ - ဖောက်ပြန်ရေးသမား စစ်ဘုရင်ဂိုဏ်း၏ မလွဲမသွေ ကျဆုံးခန်း စာရေးသူ - ဧကရီ မိုးသားတွေ အုံ့ဆိုင်းနေတဲ့ ညနေခင်းတစ်ခုမှာ ဧကရီ့ စိတ်အာရုံတွေက သမိုင်းရဲ့ ခက်ထန်ကြမ်းတမ်းတဲ့ စာမျက်နှာတွေဆီကို အလိုလို ရောက်သွားမိတယ်။ တိမ်တွေ ဖုံးလွှမ်းနေတဲ့ တောင်ထိပ်ဖျားတွေဟာ မှိုင်းညို့ပြီး လျှို့ဝှက်နက်နဲမှုတွေနဲ့ ပြည့်နှက်နေသလိုပါပဲ။ ဒီနေ့တော့ ဧကရီက လက်ဖက်ရည်ပူပူလေး တစ်ခွက်ကို ကိုင်ရင်း ဟိုးဝေးလံတဲ့ အတိတ်ကာလတစ်ခုဆီက တရုတ်ပြည်ရဲ့ ကျင်းကန်တောင် ( Jinggangshan) အကြောင်းကို တွေးနေမိတယ်။ သမိုင်းဆိုတာ မှန်တစ်ချပ်လိုပါပဲ။ အတိတ်ကို ကြည့်လိုက်ရင် ပစ္စုပ္ပန်ရဲ့ ပုံရိပ်ကို ထင်ဟပ်နေတတ်တာ ဓမ္မတာပဲ မဟုတ်လား။ သေနတ်ပြောင်းဝကနေ အာဏာထွက်တယ်ဆိုတဲ့ ခေတ်ဟောင်းအယူအဆကို ကိုင်စွဲထားတဲ့ စစ်ဘုရင်တွေနဲ့ ပြည်သူ့နှလုံးသားထဲကနေ အာဏာထွက်တယ်ဆိုတဲ့ တော်လှန်ရေးသမားတွေရဲ့ အားပြိုင်မှုကို ဧကရီတို့ လေ့လာကြည့်ကြရအောင်။ အပိုင်း (၁) - ဖောက်ပြန်ရေးသမားတို့နှင့် စက္ကူကျားများ ၁၉၂၀-၃၀ ဝန်းကျင်ကာလတွေတုန်းက "နန်ကျင်း အစိုးရ" ( Nanjing Government) လို့ ခေါ်တဲ့ ကူမင်တန် အာဏာပိုင်တွေဟာ အပေါ်ယံကြည့်ရင် အရမ်းက...