Posts

Showing posts from December, 2025

ပုဂ္ဂလိကကျောင်းသူတွေ စကတ်ဝတ်တာကို မကြိုက်ကြတဲ့ မြန်မာပြည်သူအချို့ထံသို့ အိတ်ဖွင့်ပေးစာ

Image
  ပုဂ္ဂလိကကျောင်းသူတွေ စကတ်ဝတ်တာကို မကြိုက်ကြတဲ့ မြန်မာပြည်သူအချို့ထံသို့ အိတ်ဖွင့်ပေးစာ စာရေးသူ - ဧကရီ ( Ekri) မင်္ဂလာပါရှင်။ ဧကရီပါ။ ဒီနေ့တော့ ဧကရီက ခပ်လေးလေးအကြောင်းအရာတစ်ခုကို ဆွေးနွေးချင်ပါတယ်။ ခပ်လေးလေးဆိုပေမယ့် တကယ်တမ်းကျတော့ လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ မြင်တွေ့နေရတဲ့၊  Social Media  ပေါ်မှာ အမြဲလိုလို အငြင်းပွားနေကြတဲ့ ကိစ္စတစ်ခုပါပဲ။ အဲဒါကတော့ "ပုဂ္ဂလိကကျောင်း ( Private School/ International School)  တက်နေတဲ့ ကျောင်းသူလေးတွေ  Uniform  အနေနဲ့ စကတ်ဝတ်တာကို ဝေဖန်နေကြတဲ့ ကိစ္စ" ပါ။ အခုတလော  Facebook  ပေါ်မှာ ပုဂ္ဂလိကကျောင်းက ကျောင်းသူလေးတွေ စကတ်အတိုလေးတွေ၊ ဒါမှမဟုတ် နိုင်ငံတကာဆန်ဆန်  Uniform  လေးတွေ ဝတ်ပြီး ကျောင်းသွားကြတာ၊ ကပြကြတာတွေကို တွေ့ရတဲ့အခါ  Comment  တွေမှာ ဝင်ပြီး ဆဲဆိုကြ၊ ဝေဖန်ကြ၊ "မြန်မာမှု မရှိဘူး" လို့ ပြောကြတာတွေကို တွေ့ရပါတယ်။ အထူးသဖြင့် "မိန်းကလေးတန်မဲ့ ပေါင်ကြီးလှန်ပြနေတယ်"၊ "အမြင်မတော်ဘူး"၊ "မြန်မာမိန်းကလေး မပီသဘူး" ဆိုတဲ့ စကားတွေကို လူကြီးတွေ၊ အထူးသဖြင့် အမျိုးသားတွေနဲ့  Conservative  ဖြစ်တဲ့ အမျိ...